Wednesday, January 11, 2017

Godzilla Resurgence(Shin Godzilla) (2016) မြန်မာစာတန်းထိုး









 ပရိသတ်တွေအပြောင်းအလဲဖြစ် အောင်လို့ ဂျပန်သိပ္ပံအက်ရှင်ဂေါ် ဇီလာဇာတ်ကားသစ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဂေါ်ဇီ လာဇာတ်ကားတွေ ရိုက်ကူးထုတ် လုပ်တဲ့ Toho ကုမ္ပဏီရဲ့ ၃၁ ခု မြောက်ဇာတ်ကားအဖြစ် ထွက်ရှိ လာတာ ဖြစ်ပါတယ်။
တိုကျိုကမ်းရိုးတန်းတစ်နေ ရာမှာ ပျက်စီးနေတဲ့ ရွက်လှေတစ် စီးကို ဂျပန်ကမ်းခြေစောင့် တပ် တွေ တွေ့ရှိခဲ့ပြီး ရေထဲကတစ်စုံ တစ်ခုရဲ့ တိုက်ခိုက်ခံရဖွယ်ရှိတာ ကြောင့် အရေးပေါ်စုံစမ်းမှုတွေ လုပ်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာ ပဲ တိုကျိုကမ်းရိုးတန်းရေအောက် ဥမင်လိုဏ်ခေါင်းဟာ ထူးဆန်းစွာ နဲ့ ရေတွေတက်လာတာကြောင့် ပြိုကျပျက်စီးခဲ့ပြီး ဗီဒီယိုမှတ်တမ်း တွေအရ ရေထဲမှာထူးဆန်းတဲ့ သက်ရှိအရာတစ်ခုကိုလည်း သတိထားမိခဲ့ပါတယ်။
ရေထဲက သတ္တ၀ါကြီးနဲ့ပတ် သက်ပြီး ပြည်သူလူထု လုံခြုံရေး အတွက် အစိုးရအဖွဲ့တွေဗျူဟာ ရေးဆွဲစုံစမ်းဖော်ထုတ်ရာမှာ အဲဒီ သတ္တ၀ါကြီးဟာ ဇီဝကလာပ်စည်း ကွဲပွားခြင်းဖြင့် မျိုးပွားလာတဲ့ အင် အားကြီး ဂေါ်ဇီလာကြီးဆိုတာ သိရှိခဲ့ကြပါတော့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ကစေ လွှတ်တဲ့အထူးသံတမန်က ဒီဂေါ်ဇီ လာကြီးဟာ ဇီဝဗေဒပါမောက္ခ ဂို ရိုမာကီဆိုသူက သုတေသနလုပ် ရင်းနဲ့ ဖြစ်လာတာဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
တိုကျိုကမ်းရိုးတန်းနားမှာ တွေ့ခဲ့တဲ့ ပျက်စီးနေတဲ့ ရွက်လှေ ဟာ ပါမောက္ခမာကီရဲ့ လှေဖြစ်ပြီး စမ်းသပ်မှုမအောင်မြင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မာကီစမ်းသပ်ထားခဲ့တဲ့ ဂေါ်ဇီလာ ဟာ ဗီဇ အပြောင်းအလဲကြောင့် ပုံမှန်အရွယ်အစားထက် နှစ်ဆ ကြီးသွားတာ ဖြစ်ပါတယ်။
အရွယ်အစားရော အင် အားပါ ကြီးမားတဲ့ ဂေါ်ဇီလာကို နှိမ်နင်းဖို့ မလွယ်ကူတာကြောင့် သတ္တ၀ါကြီးရဲ့ အားနည်းချက်ကို သိဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။ ဂေါ်ဇီလာ ဇာတ်ကားလို့ဆိုတဲ့အ တိုင်း ကွန်ပျူတာ အထူးပြုလုပ် ချက်တွေအများကြီးပါတာမို့ တချို့ပရိသတ်တွေကတော့ သဘောမ ကျလောက်ပေမယ့် ငယ်ငယ်က တည်းက ဂျပန်ဂေါ်ဇီလာကားတွေ ဆိုရင် ကြိုက်ကြသူတွေလည်း ရှိတာမို့ အခု ဇာတ်ကားကကော ဘယ်လို့ရသပေးစွမ်းမယ်ဆိုတာ ကြည့်လိုက်ပါဦးနော်။ ဗီဇပြောင်း ဂေါ်ဇီလာကြီးရဲ့ အားနည်းချက်က ဘာဖြစ်မလဲ၊ အင်အားကြီးသတ္တ၀ါကြီးနဲ့ လူသားတွေဘယ်လိုရင် ဆိုင်တိုက်ခိုက်ကြမှာလဲဆိုတာ ကတော့ .... LS ပရိတ်သတ်ကြီးဆက်လက်ရှု့စားလိုက်ကြပါဦး.။




Download.