Sunday, January 22, 2017

The Girl With All The Gifts(2016)မြန်မာစာတန်းထိုး ဖုတ်ကောင်ကား

Download...



IMDB 7.2 တောင်ရထားပြီး ကမ္ဘာ့အရောင်းရဆုံး Novel ၀တ္ထု စာရေးဆရာ M. R. Carey
ရဲ့ ဝတ္တုကို ပြန်လည်အသက်သွင်း ရိုက်ကူးထားသော ဖုတ်ကောင် ကားဆန်ဆန် ရုံတင်ကားသစ်ကြီး
ကို လုံးဝအကြည်Hdrip version 720P HD quality ဖြင့် အထူးတင်ဆက်ပေးလိုက်ပါသည်။
လွန်ခဲ့တဲ့နှစ် ၂၀ အချိန်တုန်းက လူသားမျိုးနွယ်ကို Fungus အနွယ်ဝင် Ophiocordycpes Unilateralis ဆိုတဲ့မှိုတစ်မျိုးကူးစက်ခဲ့ပါတယ်။ ကူးစက်ခံရသူကို "Hungries" လို့ခေါ်ပြီး သူတို့ဟာ စိတ်စွမ်းအင်ကျဆင်းနေတဲ့အပြင် ကျန်းမာတဲ့လူ့အသွေးအသားတွေကို စားသုံးကြပါတယ်။ သွေး တံတွေးကတဆင့် ရောဂါပျံ့နှံ့လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ရောဂါမရှိတဲ့လူတွေကို အစောင့်အကြပ် ထူထူထဲထဲချထားတဲ့ Beacon လိုနေရာမှာထားပါတယ်။ Beacon ရဲ့တာဝန်ရှိသူတွေက ကလေး Hungries တွေကိုစမ်းသပ်လေ့လာမယ့် စစ်အခြေစိုက်စခန်းကိုတည်ထောင်ပါတယ်။ တပ်သားများက Hungries များကိုရှာဖွေ ပို့ဆောင်စေပြီး ဒေါက်တာကဒ်ဝဲလ်က သုတေသနပြုပါတယ်။ ထို့ကြောင့် စိတ်ပညာရှင်လည်းဖြစ် ဆရာမလည်းဖြစ်တဲ့ ဂျက်စတင်နောက နှစ်မြို့ခြင်းမရှိခဲ့ပါဘူး။ ဂျက်စတင်နောက အထူးသဖြင့် မယ်လီနာဆိုတဲ့ ဉာဏ်ရည်မြင့်တဲ့ကလေးကို ချစ်ခင်ပါတယ်။ မယ်လီနာဟာ တမူထူးခြားမှန်း သူကိုယ်တိုင်မသိခဲ့ပါဘူး။ ဆေးအောင်မြင်ရန်တဖြည်းဖြည်းနီးစပ်လာတဲ့ဒေါက်တာကဒ်ဝဲက မယ်လာနီကို ပါဝင်ပစ္စည်းအဖြစ်အသုံးချလိုက်တဲ့အခါမှာတော့..ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲဆိုတာ ရသမျိုးစုံခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။


Embrace of the Vampire (2013)


Download...


၂၀၁၃ ခုနှစ်ထွက် Horror အမျိုးအစား Vampire ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Embrace of the Vampire  ဇာတ်ကားကို Remark လုပ်ထားတဲ့ဇာတ်ကားပါ။

မင်းသမီး Sharon Hinnendael အဓိကပါဝင်ထားပြီး သူမရဲ့အတိတ်နဲ့ပတ်သက်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ

သူမရဲ့နောက် တကောက်ကောက်လိုက်နေတဲ့အခါမှာတော့………။


Miss Saigon: 25th Anniversary (2016)




Download...
ဒီဇာတ်ကားလေးက သီချင်းပြဇာတ်လေးတစ်ခုပဲဖြစ်ပါတယ်
တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ Miss Saigon ပြဇာတ် ၂၅ နှစ်ပြည့်
အထိမ်းအမှတ်အနေနဲ့ လန်ဒန်မြို့မှာ ပြန်လည် ကပြတာပဲ ဖြစ်ပါတယ်
ပြဇာတ်ဆိုပေမဲ့ ပေးနိုင်တဲ့ရသက အထူးကိုကောင်းမွန်ပြီးတော့
ဇာတ်အိမ်ကောင်းမွန်တာကိုတွေ့ရပါတယ်
ဇာတ်လမ်းကိုတော့ အမေရိကန် ဗီယက်နမ် စစ်ပွဲ အဆုံးသတ်ခါနီး
အချိန်လောက်မှာဇာတ်အိမ်တည်ထားပါတယ်။ထိုစဉ်အခါက ဗီယက်နမ်မှာ
စစ်ပွဲဒဏ်ကြောင့် ပြည်သူတွေကလဲ ဆင်းရဲမွဲတေမှု့ကို ခံစားနေရတဲ့အချိန်ပါ
စစ်ပွဲကြောင့် မိသားစုနဲ့ကွဲ မိဘတွေ သေဆုံး ဖြစ်ရရှာတဲ့ အမျိုးသမီးလေးတွေဟာ
အမေရိကန် စစ်သားတွေကို ဖျော်ဖြေရတဲ့ ပြည့်တန်ဆာလေးတွေ ဖြစ်လာပါတော့တယ်
ကင်မ်ကလဲ သူတို့ထဲက တစ်ယောက်ပါ … အသက် ၁၇ နှစ်သာ ရှိသေးတဲ့ မိန်းမပျိုလေးက
မိဘတွေ စစ်အတွင်းမှာ သေဆုံးပြီးတော့ ဆိုင်ဂုံမှာရှိတဲ့ ပြည့်တန်ဆာခန်းကိုရောက်ရှိခဲ့ပါတယ်
အဲ့ဒီပြည့်တန်ဆာခန်းမှာရှိတဲ့ မိန်းမပျိုတိုင်းရဲ့ အိပ်မက်ကတော့ အမေရိကန် စစ်သားတွေက
သူတို့ကို တစ်ချိန်မှာ အမေရိကန်ကိုခေါ်သွားပြီး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းဖို့ပါ
ကင်မ်ကို တော့ ခရစ် ဆိုတဲ့ စိတ်သဘောထားကောင်းတဲ့ စစ်သားလေးက
ဂရုဏာ သက်ဝင် ချစ်ခင်မိသွားပြီးတော့ အမေရိကန်ကို ခေါ်သွားဖို့ကြံပါတော့တယ်…
ဒါပေမဲ့ မမျှော်လင့်တဲ့ အခြေအနေဆိုတာ အချိန်ခါအတိုင်းမှာဖြစ်လာတက်ပါတယ်
အမေရိကန်ကို မခေါ်သွားနိုင်ခဲ့ပဲ နှစ်များစွာကြာပြီးတော့မှ အိမ်ထောင်ကျနေတဲ့
အခြေတကျဖြစ်နေတဲ့ ခရစ္စမှာ ကင်မ် သက်ရှိထင်ရှားရှိနေသေးကြောင်း
သူနဲ့ ရထားတဲ့ သားတစ်ယောက်ရှိနေကြောင်း သိလိုက်ရတဲ့ အခါမှာတော့…..


At The End Of The Tunnel (2016)






Download...

ဝါကင်းဟာ​ အောက်ပိုင်းသေနေတဲ့ လူတစ်​​ယောက်​ပါ….

တစ်​​နေ့​တော့သူအလုပ်​ လုပ်​တဲ့​​မြေ​အောက်​ခန်းရဲ့​ဘေးကို ဘဏ်​​ဖောက်​မဲ့​ရောက်​လာတာကိုသိလိုက်​ရပါတယ်​…

တစ်​ချိန်​တည်းမှာပဲ သူ့အိမ်​ကအခန်းကိုငှားဖို့လာတဲ့ “ဘတ” တို့သားအမိပါ​ရောက်​လာပါတယ်

ဘဏ်​​ဖောက်​မဲ့သူ​တွေကို”ဝါကင်း”ဟာသူတို့​တွေရဲ့နာမည်​နဲ့အချက်​အလက်​​တွေကိုပါ

video recorded နဲ့အကုန်​လိုက်​မှတ်​ထားပါတယ်​…

အဲဒီအချက်​အလက်​​တွေကသူ​နောက်​မှာအသုံးဝင်​လာမယ့် တကယ့်မှတ်တမ်းတွေပါ…

ဒီမှာ​တော့ ဝါကင်းဟာ ပိုက်​ဆံလို​​နေတာကတစ်​​ကြောင်း ပြီး​တော့

ဘာတ”တို့သားအမိကိုပါသံ​​ယောဇဉ်ဖြစ်​ပြီး ထောက်ပံ့ကာကွယ်ပေးချင်တာတွေဖြစ်လာပါတယ်…

သူပါ ဘဏ်​ကပိုက်​ဆံ​တွေကိုခိုးဖို့အကြံဖြစ်​လာပါတယ်….

နောက်ပိုင်းမှာတော့ ဘဏ်​​ဖောက်​မဲ့လူ​တွေဟာဝါကင်းဆီ​ရောက်​လာပြီး

သတ်​​တော့မဲ့ဆဲဆဲ​အ​ခြေအ​နေမှာ ဝါကင်းရဲ့ စကား​ကြောင့် အချင်းချင်းသတ်​ကြကုန်​ပါတယ်….

ကဲ…”သူဘာပြောလိုက်တာလဲ”ဘယ်လိုတွေဥာဏ်ကစားလိုက်တာလဲ”

ဒီနေရာမှာ မေးခွန်းတစ်ခုရှိနေပါတယ်….”ဘာတ”ကသူ့အိမ်ကိုရိုးရိုးရောက်လာတာဟုတ်ရဲ့လား…

ဘဏ်ဖောက်တဲ့သူတွေနဲ့ပက်သက်နေတာဆိုရင်ရော…..

ဝါကင်း ကရော သူ့အကြံတိုင်းဘဏ်ဖောက်နိုင်မှာလား

အောက်ပိုင်းသေနေတဲ့သူမို့.. မလုပ်နိုင်ဘဲဖြစ်နေမှာလား

“အပေါ်ယံကြည့်ပြီးဆုံးဖြတ်ရင်ဒူးရင်းသီးဟာစားစရာမဖြစ်လာနိုင်ပါဘူး” ဆိုသလိုပေါ့

ဘယ်ဟာကိုမှအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး..


The Night Porter (1974)



 

ပထမဆုံး မင်္ဂလာညချမ်းလေးပါလို့ နုတ်ခွန်းဆက်ပါရစေဗျာ

အခုညမှာတော့ ပရိတ်သတ်ကြီး အတွက် Adult/R-rated ထဲမှာမှ

ထူးထူးခြားခြား IMDb rating 6.8 တောင်ရရှိထားပြီး

AV Club မှာ တောင် ၂.၅ ထိ ရရှိထားခဲ့တဲ့ကားပါ

အရင် ၁၉၃၀ လောက်က ထွက်ရှိထားတဲ့ ဇာတ်ကားကိုပဲ

ထပ်မံ ဆန်းသစ် ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးတစ်ကားကို

တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းက ရှေးခေတ်အခါက

၂၁+ တွေရဲ့ ရှေးခေတ်ဟောင်း ပေါက်စီတွေကို

 မြင်တွေ့ကြရမှာဖြစ်ပြီးR-rated ပရိတ်သတ်ကြီး အနေနဲ့လည်း

အခုခေတ်ကားတွေနဲ့ အရင်ခေတ်ကား

ဘာတွေများထူးခြားသွားလဲ ?

ဘာတွေကွာခြားသွားတာလဲ ?

ဆိုတာကို ကြည့်ရှူကြရမှာဖြစ်ပြီး

ဇာတ်လမ်း အကျဉ်းလေးကတော့ နာဇီတပ်ရဲ့ Schutzstaffel အရာရှိ

မက်စ်မီလန် သီအိုအက်ဒေါ့ဖ်ဖာ ဟာ

တဖက်ရန်သူနိုင်ငံသားတွေကိုထားရှိရာ ကမ့်မှာ

ဓါတ်ငွေ့ခန်းထဲမှာအသတ်ခံရဆဲဆဲ

မိန်းမချောလေး လူစီနဲ့ဆုံတွေ့ခဲ့ပြီး

သနားစိတ်တွေယိုဖိတ်ခဲ့ပါတယ် ဒီလိုနဲ့

လူစီ တယောက် အသက်ဘေးကလွတ်မြောက်ပြီး အမေရိကန်တီးဝိုင်း

ခေါင်းဆောင်တယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်

တရက် မက်စ်တယောက် လူစီနဲ့ပြန်လည်ဆုံတွေ့ရာမှာတော့

ဘယ်လိုတေ အသယ်အပို့လုပ်ပြီး မက်စ်တယောက်နဲ့

အရင်က သံယောဇဉ်လက်ကျန်တွေကို ဘယ်လိုများ

ရင်ဆိုင်မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစား

လိုက်ပါတော့နော်  ………………………………….။

ခေတ်ဟောင်းပေါက်စီတွေ မြည်းစမ်းရင်း

ဘာတွေများ ကွာခြားနေလဲဆိုတာကိုတော့ အဟင်း ဟင်း ………………..။




Download.


Saturday, January 21, 2017

Will You Be There? (2016) မြန်မာစာတန်းထိုး



သင့်မှာ အတိတ်ကာလကိုပြန်သွားဖို့ အတွက် မှော်ဆေးလုံး သာရရှိခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ ??? အတိတ်ကမှားယွင်းခဲ့တဲ့ ဖြစ်ရပ်တွေကိုပြင်ဆင်မလား ??? အနာဂတ်ကသင်ခန်းစာတွေကို အတိတ်မှာသွားပြီး အသုံးချမည်လား ??? သို့မဟုတ် အကြားအမြင်ရသူတစ်ယောက်လို အတိတ်ကိုပြန်သွားပြီး စီးပွားရေးအတွက် အသုံးချမည်လား ???
      ကျွန်တော့်မေးခွန်းအတွက်ကတော့ မိတ်ဆွေတို့ သီးခြားမတူညီသော အဖြေတွေရှိပေလိမ့်မည်.။ သို့သော်ငြား ယခု ရုပ်ရှင်ဇာတ်ကားထဲမှ ဇာတ်ကောင်ဆိုဟွန်းကတော့ ချစ်သူ့အသက်ကို ကယ်တင်မည်ဟူသော အဖြေတစ်ခုကိုသာ လိပ်ခဲတင်းလင်းပေးပေလိမ့်မည်..။
ခွဲစိတ်ဆရာဝန်ဆိုဟွန်းသည်အဆုတ်ကင်ဆာရောဂါကြောင့်လက်ကျန်အချိန်သိပ်မရှိတော့သူတစ်ယောက်ဖြစ်ပြီးသူ့ ရဲ့ ဆန္ဒသည်လွန်ခဲ့တဲ့နှစ်၃၀ကမတော်တဆမှုနဲ့ သေဆုံးသွားခဲ့တဲ့ချစ်သူကိုမြင်တွေ့ ရဖို့ ပင်
ကမ္ဘောဒီးယားနိုင်ငံမှာလုပ်အားပေးလုပ်ရင်းထူးဆန်းသောအဖိုးအိုတစ်ယောက်ဆီကဆေးလုံး၁၀လုံး
လက်ဆောင်ရရှိခဲ့သည် ထိုဆေးလုံးသည်သူ့ ကိုလွန်ခဲ့သောအနှစ်၃၀အတိတ်ကိုခေါ်ဆောင်သွားခဲ့သည်
သူအတိတ်ကိုရောက်ရှိသွားချိန်သူ့ ရဲ့ ငယ်ဘဝဆိုဟွန်းနဲ့ တွေ့ ရှိခဲ့ပြီး သူ့ ရဲ့ ချစ်သူကိုကယ်တင်ဖို့ 
ဆုံးဖြတ်ခဲ့ကြပြီး  အမှန်တကယ်ရောကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါစို့ 



Download.


Hard Boiled (1992)မြန်​မာစာတန်းထိုး



ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အညွှန်းရေးဖို့ အချက်အလက်လိုက်ရှာတော့ ထူးခြားတာတစ်ခုတွေ့တယ်။ Online စွယ်စုံကျမ်းကြီးဖြစ်တဲ့  Wikipedia မှာ History of crime fiction အကြောင်းအရာအောက်မှာ ဒီ Hard Boiled (1992) Lat sau san taam ဇာတ်ကားကို ထည့်သွင်းပြောထားတာ တွေ့ရပါတယ်။ Fiction ဇာတ်လမ်းဆိုပေမယ့် တကယ်လည်း ရှိခဲ့တဲ့အကြောင်းအရာတွေပါ ထည့်သွင်းထားတာကြောင့် နမူနာပေးခံရတာလည်း ဖြစ်ပါတယ်။

မူခင်းရုပ်ရှင်နဲ့ပတ်သတ်ရင် နိုင်ငံတကာရုပ်ရှင်ကားတွေ အမျိုးမျိုးရှိပါတယ်။ အဲဒီထဲကမှာ ဟောင်ကောင် ဒုစရိုက်သမိုင်းကို စိတ်ကူးဇာတ်လမ်းဖော်ထားတဲ့ နာမည်ကျော် ဒါရိုက်တာကြီး John Woo ရဲ့လက်ရာဖြစ်ပါတယ်။ ဟောင်ကောင် ရုပ်ရှင်ဆုပေးပွဲ နဲ့ Asia-Pacific Film Festival မှာ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ရရှိခဲ့တဲ့အပြင် ထုတ်လုပ်သူဆု လည်းရရှိခဲ့ပါတယ်။ ဇာတ်ပို့ဆု စကာတင်စာရင်းမှာလည်း Tony Leung Chiu Wai ပါဝင်ခဲ့ပါသေးတယ်။ Rating အပိုင်းကလည်း မြင့်တဲ့ကားကောင်းဖြစ်ပါတယ်။

Crime နဲ့ Drama ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ သရုပ်ဆောင်တိုင်းရဲ့အားထုတ်မှုကိုလည်း မြင်ရမှာပါ။ အထူးသဖြင့် Chow Yun Fat (ချောင်ရင်ဖတ် :P) ရဲ့ (သွားကြားထိုးတံလား၊ မီးခြစ်ဆံ ပါးစပ်မှာကိုက်ပြီး မထိတထိပြုံးတဲ့) စတိုင်က အခုထက်ထိ မျက်လုံးထဲစွဲနေပါတယ်။ မျက်ရည်ချူတဲ့ ကားကောင်းထဲမှာလည်းပါ ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မပြောတော့ဘူး။ ကြည့်ပြီးသားဆိုရင်လည်း ပြန်ကြည့်ဖို့သင့်တဲ့ကားတစ်ကားပါလို့ ပြောပါရစေ။ ဟုတ်ကဲ့....မြန်မာဘာသာပြန်ပေးသူကတော့ စိုင်းလင်းမြတ် ဖြစ်ပါတယ်။

အညွှန်း - R!B


Download.


စစ်မြေပြင်မှချစ်တေးကဗျာ

စစ်မြေပြင်မှချစ်တေးကဗျာ
********************



 (မြန်မာစာတန်းထိုး တရုတ်သိုင်းဇာတ်လမ်းတွဲ)
2017 ဇာတ်လမ်းတွဲသစ်

မင်းသားဂျီအန်းရဲ့ အိမ်တော်ကို ညဘက်မှာဝင်တိုက်ပြီးဖျက်ဆီးခံလိုက်ရတဲ့အခါ he xaiနဲ့ သူ့ကြင်ယာတော်
ဘိုင်ပင်တင်းတို့ ယန်နိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။

အဲ့နောက်မှာ သူတို့ကွဲကွာသွားခဲ့တယ်။
ပင်တင်းဟာ အိမ်တော်တစ်ခုမှာမှီခိုခဲ့ရပါတယ်။

အဲ့အိမ်တော်မှာ အစွမ်းကြီးမားတဲ့ စစ်သူကြီးချူဘီချီနဲ့ဆုံခဲ့တယ်။
ချူဘီချီကသူမဟာသူ့ရဲ့ ငယ်ချစ်ဦးဆိုတာ သတိရလာခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ဆက်ဆံရေးကို မတူညီတဲ့တိုင်းပြည်နှစ်ခုကဆိုသောအချက်က ဟန့်တားခဲ့ပါတယ်
အဲ့နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့... ပရီသတ်တို့ကိုယ်တိုင်ပဲဆက်လက်၍ရှူစားကြည့်ပါ...




Download.01


Friday, January 20, 2017

Death Race 2050 (2017)




၂၀၁၇ ခုနှစ်ရဲ့အသစ်ထွက်ထားတဲ့ Action , Sci-Fi ဇာတ်ကားပါ။

ဒီဇာတ်ကားဟာ ၁၉၇၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Death Race 2000 ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိထားတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့……….

နှစ်ထောင့်ငါးဆယ်ခုနှစ်…

လူလူချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစားတတ်သောလူများ ကြီးစိုး၍ လူဦးရေပေါက်ကွဲနေသောအချိန်…

ပြိုင်ပွဲတစ်ခု…

ထိုပေါက်ကွဲနေသော လူဦးရေကို ထိန်းချုပ်နိုင်ရန် အစိုးရက အညှာအတာကင်းမဲ့စွာ ပြုလုပ်ခဲ့သော ပြိုင်ပွဲ…

တစ်နည်းအားဖြင့်…

မရဏပြိုင်ပွဲ

ပြိုင်ပွဲဝင်တွေဟာ နိုင်ငံကို အထိန်းအကွပ်မရှိ ကျော်ဖြတ်

ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဖြင့် ပြိုင်ပွဲဝင် အချင်းချင်း မရဏတရားဖြင့် မိတ်ဆက်ပေးသည့် ပြိုင်ပွဲ…။

R-Rated မို့လို့ ကြမ်းကြမ်းတမ်းတမ်းတွေမြင်တွေ့ရဖို့ရှိနေပါတယ်။



Download.


Paper Towns (2015)





ဒီတစ်ကားကတော့ အချစ် နဲ့ လျို့ဝှက်နဲနက်ရှာဖွေတာကို ကြည့်ချင်တဲ့သူတွေအတွက် သင့်လျှော်ပါတယ်။

ဆယ်ကျော်သက်လူငယ်တွေရဲ့ခံစားမှုအတက်အကျတွေကို မြင်ရမှာပါ။ Htoo Htoo က ဘာသာပြန်ဆိုထားပါတယ်။

စာရေးဆရာ John Green ရဲ့ ရောင်းအားအကောင်းဆုံးသော နာမည်ကြီးဝတ္ထုကို အခြေခံပြီး အသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် Quentin ဆိုတဲ့ ကောင်လေးဟာ အိမ်နီးချင်းဖြစ်တဲ့ Margo ဆိုတဲ့ ခပ်ချောချောကောင်မလေးကို တိတ်တခိုးကြိတ်ကြိုက် နေပါတယ်။ Quentin ဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ နေထိုင်နေရသူဖြစ်ပေမယ့် Margo ကတော့ သူနှင့်မတူပါဘူး။ တစ်ညမှာ Margo ဟာ Quentin ကို သူ့ရဲ့ တစ်ညတာစွန်းစားခန်းကို ပါဝင်ဖို့လာခေါ်ပါတယ်။ သူမဟာ ဘောင်တွေ ဟန်ဆောင်မှုတွေပြည့်နှက်နေတဲ့ ခံစားချက်တွေကင်းတဲ့ တစ်ညတာကို Quentin ကို ပြခဲ့ပါတယ်။ သူတို့နေထိုင်နေတဲ့ မြို့ကြီးဟာ တကယ်တော့ Paper Towns စက္ကူချပ်တွေလိုပဲ ဟန်ဆောင်ခြင်းတွေ   ပြည့်နှက်နေတာ ဖြစ်ပေမယ့် ဖြူစင်တဲ့ အဖြစ်အပျက်တွေကိုမှတ်ထားတဲ့ အသိဥာဏ်တွေကတော့ ပျောက်ပျက်သွားမှာမဟုတ်ကြောင်း Quentin ကို ပြောကြားရင်း တစ်ညတာကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်တနေ့စပြီး Margo တစ်ယောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားကြောင်း သိခဲ့ပြီးတဲ့နောက် သူမကို Quentin တို့သူငယ်ချင်းတစ်စု ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စည်းကမ်းတွေကြားထဲမှာ နေနေရတဲ့ Quentin တစ်ယောက် ဘောင်တွေကိုကျော်ပြီး စွန့်စားခန်းတွေကို ဖြတ်ကျော်ဖို့အတွက် Margo က Quentin တစ်ယောက်ထဲ နားလည်နိုင်မယ့် သဲလွန်စတွေကို ထားခဲ့ပါတယ်။ စွန့်စားခန်းတွေကို လွတ်လပ်စွာ ဖြတ်သန်းပြီး စစ်မှန်တဲ့ မိတ်ဆွေဘ၀၊ ချစ်ခြင်းတရားတွေနှင့် Margo ကို ရှာတွေ့နိုင်မလားဆိုတာ စောင့်မျှော်ခံစား ကြည့် ကြရအောင်လား။

အညွှန်း - http://www.allyouths.com



Download.


At Cafe 6.မြန်မာစာတန်းထိုးထိုင်ဝမ်ရုပ်ရှင်





ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကတော့ romance comedy sad ရသစုံတဲ့
 ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Liangတစ်ယောက် မိုးသည်းတဲ့ညတစ်ညမှာ အလုပ်ကပြန်လာရင်း
"Cafe6" coffeeဆိုင်လေးရဲ့ရှေ့မှာ ကားပျက်သွားခဲ့တယ်။

Coffeeဆိုင်ပိုင်ရှင်ကသူမကိုကူညီရင်း ကော်ဖီသောက်ဖို့ဆိုင်လေးထဲကို
ဖိတ်ခေါ်ခဲ့တယ်။ စကားစမြည်ပြောဆိုကြရင်းနဲ့ Liangရဲ့ချစ်သူဟာအဝေးရောက်နေကြောင်းနဲ့ သူတို့ချင်းအဆင်မပြေမှု့အချို့ကိုသိလိုက်ရတဲ့
အခါ 1996ခုနှစ်တုန်းကအချစ်ဇာတ်လမ်းလေးတစ်ခုကို coffeeဆိုင်ပိုင်ရှင်က Liangက်ုပြောပြခဲ့တယ်။
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ရွတ်နောက်နောက်နေတတ်တဲ့ အထက်တန်းကျောင်းသားလေး ကွမ်းမင်လွီနဲ့ စာတော်ပြီးချောမောလှပတဲ့ ကျောင်းသူလေး လီရှင်းလွေ့တို့ရဲ့ အထက်တန်းကျောင်းသားဘဝပျော်ရွှင်စရာအချစ်ဇာတ်လမ်းလေးဖြစ်ခဲ့ရာမှ အထက်တန်းကျောင်းပြီးဆုံးသွားချိန်မှာ မတူညီတဲ့ကျောင်းအသီးသီးကိုပြောင်းခဲ့ရတာကြောင့် တဖြည်းဖြည်းဝေးကွာခဲ့ရတဲ့ သူတို့၂ဦးရဲ့ LDRSလေးဟာ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....



Download.


Lemony Snickets A Series Of Unfortunate Events (2004)





Lemony Snickets A Series Of Unfortunate Events 2004 သည် Tomatoes 72% ရထားသော ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် lsပရိသတ်ကြီးအတွက် ချစ်ခြင်းအားဖြင့်တင်ဆက်လိုက်ရပါသည်။
Lemony Snicket's A Series of Unfortunate Events၏ မူလဇာစ်မြစ် များသည် လုံးဝအနားယူသွားသော်လည်း တကယ်ရုပ်ပိုင်းဆိုင်ရာအထူးပြုလုပ်ချက်နှင့် ရိုက်ကူးထားသော ဇာတ်ကားတစ်ကား ဖြစ်သည်။ s a gothic visual treat, and it features a hilariously manic turn as မကောင်းဆိုးဝါး Count Olaf အဖြစ်  Jim Carrey မှ ပီပြင်စွာသရုပ်ဆောင်ထားသည်။
Lemony Snickets A Series Of Unfortunate Events 2004 တွင် ကြီးမားတဲ့မီးလောင်မှုကြောင့် မိသားတစ်စုလုံးသေဆုံးတဲ့အခါ ကလေးသုံးယောက်ကို ဝမ်းကွဲဆွေမျိုးများသို့ ပို့ကာ ကျွေးမွေးစောင့်ရှောက်ခိုင်းရလေသည်။ အဲ့ဒီကဇာတ်ကောင် Count Olafက သူတို့၏ မိဘများရဲ့ ကံဇာတာကို ခိုးယူဖို့ လျှိ့ဝှက်ကြံစည်ရာမှ ဒီဇာတ်လမ်းစတင်ဖြင်ပေါ်လာတော့သည်။ ဘယ်လို ကံမကောင်းတဲ့ဖြစ်ရပ်တွေကို ပရိသတ်ကြီး ခံစားမှုအပြည့်နဲ့ ကြည့်ရှုကြည့်ကြပါလို့ တိုက်တွန်းလိုပါရစေ ချစ်လှစွာသော ls ပရိသတ်ကြီးခင်ဗျား……



Download.


Thursday, January 19, 2017

Sucker Punch (2011)



မင်းသမီး Emily Browning အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ Action Fantasy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။

IMDb (6.1/10) ရရှိထားပြီး ဇာတ်ကားတစ်ကားထက် Game တစ်ခုနဲ့ပိုတူအောင် ရိုက်ကူးထားပါတယ်။




Download.


Life Risking Romance (2016)

Sex is zero မင်းသမီး ဟာဂျီဝန်အဓိကပါဝင်ထားပြီး ထိုင်ဝမ်မင်းသား ချန်ဘိုလင်းနှင့် တောင်ကိုရီးယားမင်းသား ချန်ဂျောင်မြောင်တို့လဲပါဝင်ထားပါတယ်။

ဟာဂျီဝန်က စုံထောက်စာရေးဆရာမ…..သာမန်တော့မဟုတ်….အမှုတွေကိုရူးသွပ်စွာ လိုက်လံအဖြေရှာ စုံထောက်တတ်သူ…

ချန်ဂျောင်မြောင်…သူက ဟာဂျီဝန်ရဲ့ငယ်သူငယ်ချင်းရဲစုံထောက်..သူကတော့ စုံထောက်ဖို့ထက် ဟာဂျီဝန်ကိုသာလိုက်လံစောင့်ရှောက်ချင်သူ….

ချန်ဘိုလင်းက ရူပါမန်း…ဟာဂျီဝန်မှမြင်မြင်ချင်း စွဲလမ်းသွားသူ….

သူတို့သုံးယောက် ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုမှာ ထိပ်တိုက်ရင်ဆိုင်ကြရာက….။

ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီး Comedy ဆန်တဲ့ အချစ်စုံထောက်ဇာတ်ကားလေးပါ။




Download.


Life On The Line (2016)မြန်မာစာတန်းထိုး





- ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ အမေရိကန် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ လျှပ်စစ်မီးသမားတွေရဲ့ ဘဝကို ဖော်ညွှန်းရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်တာမို့ ပရိသတ်တွေအတွက် အပြောင်းအလဲလေးဖြစ်စေမှာပါ။

မိုးတွေသည်းတဲ့ နေ့တစ်နေ့မှာ ဓာတ်ကြိုးတွေပေါ် သစ်ပင် ကြီးတစ်ပင်လဲကျခဲ့တာကြောင့် လျှပ်စစ်လုပ်သား လိုင်းမန်းတွေ အရေးပေါ်ပြေးပြီး ရှင်းလင်းကြရာမှာ ဓာတ်တိုင်ကို မိုးကြိုးပစ်ချခဲ့တာကြောင့် လိုင်းမန်းတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ လိုင်းမန်းရဲ့ ဇနီးဟာလည်း ခင်ပွန်းဖြစ်သူ အရေးပေါ်ဖြစ်တဲ့ နောက်ကိုလိုက်ရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့တဲ့အတွက် ဘေလီဆိုတဲ့သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

လိုင်းမန်းဘိုဟာ မိဘနှစ်ပါးစလုံး သေဆုံးခဲ့တဲ့ သူ့တူမဘေလီနဲ့အတူ သွားနေပေးခဲ့ပါတယ်။ ဘိုဟာ အရင်တုန်းက လမ်းသရဲ ဆိုင်ကယ်သမားတစ်ယောက်က နေ လိုင်းမန်းအဖြစ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုဟာ သူ့ ကုမ္ပဏီမှာ အလုပ်ဝင်လာတဲ့ လိုင်းမန်းတွေကို သင်ကြားပေးခဲ့ရပြီး အန္တရာယ်များလှတဲ့ ဓာတ်တိုင်တွေပေါ်တက်ပြီး မီးကြိုးတွေပြုပြင်ရာမှာ အန္တရာယ်ကို ကာကွယ် ပေးမယ့် ဝတ်စုံမဝတ်ဆင်ရင်ပဲ ဖြစ်ဖြစ်၊ အသက် ပေးဆပ်ရတတ်တယ်ဆိုတာတွေကို သင်ကြားပြသပေးခဲ့ပါတယ်။ အဲဒီလူသစ်တွေထဲမှာ သူ့တူမကို သဘောကျနေတဲ့ ဒန်ကန်ဆိုသူတစ်ယောက် လည်း ပါပါတယ်။

ဘိုကတော့ ဒန်ကန်ကို လုံးဝ ကြည့်မရဘဲ ဘေလီကိုလည်း ဒန် ကန်နဲ့ ခပ်ဝေးဝေးနေဖို့ ပြောခဲ့ပါ တယ်။ နောက်တော့လည်း ဘေ လီနဲ့ ဒန်ကန်တို့ ချစ်ကြိုက်ခဲ့တာ မို့ ဘိုခွင့်လွှတ်ပေးခဲ့ရပါတယ်။ တစ်ရက် မုန်တိုင်းအကြီးအကျယ် ကျပြီး မီးတွေပြတ်တောက်ချိန်နဲ့ တိုက်ဆိုင်စွာပဲ ကိုယ်ဝန်သည် ဘေလီသွေးသွန်တာကြောင့် အ ရေးပေါ်ခွဲခန်းဝင်ခဲ့ရပါတယ်။

ခွဲစိတ်နေတုန်း မီးတွေပြတ် နေတဲ့အတွက် ဒုက္ခတွေတွေ့ရ ချိန်မှာ ဘိုတို့လိုင်းမန်းတွေဟာ လည်း လျှပ်စစ်မီးပြန်ရဖို့အတွက် အသည်းအသန်ကြိုးပမ်းနေခဲ့ပါ တယ်။ နောက်ဆုံး လျှပ်စစ်မီး ပြတ်တောက်ခြင်းရဲ့အဖြေကိုသိ သွားတဲ့ဘိုဟာ ဓာတ်အားပေးစင် ကြီးပေါ်တက်ပြီး မရတဲ့အဆုံး အ သက်ဆုံးရှုံးခံပြီး လုပ်ဖို့ဆုံးဖြတ်ခဲ့ ပါတော့တယ်။

အသက်ကိုပေးဆပ်ပြီး အ လုပ်လုပ်နေကြတဲ့ လိုင်းမန်းတွေ ရဲ့ ဘဝပုံရိပ်တွေကို သိရှိခံစားရ မှာဖြစ်သလို မိသားစု ဘဝတွေ ဖြတ်သန်းရပုံတွေကိုပါ တွေ့ရ မယ့် ဒီဇာတ်ကားလေးမှာ ဘိုအ ဖြစ် ဂျွန်ထရာဗိုလ်တာ၊ ဘေလီ အဖြစ် ကိတ်ဘော့စ်ဝေါ့သ်၊ ဒန် ကန်အဖြစ် ဒီဗွန်ဆာဝါ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားကြပါ တယ်။ ။




Download.